Early Buddhism
Early Buddhism ဆိုတဲ့ အသုံးနှင့် ပတ်သတ်ပြီး၊ အစောပိုင်းက Early Buddhism နှင့် Later Buddhism ရယ်လို့မသုံးပဲ၊ Primary Buddhism, Secondary Buddhism လို့သုံးပါတယ်၊
ဒါပေမယ့် နောက်ပိုင်း ပညာရှင်တွေက criticize လုပ်ပြီး Primary Buddhism ကို မနှစ်သက်တာ့ပဲ၊ Early and Later Buddhism လို့သာသုံးကြပါတယ်၊ Early Buddhism ကိုခွဲခြားတဲ့အခါမှာလည်း အကျဉ်းချုပ်အာဖြင့် ပညာရှင်တွေက ချဉ်းကပ်နည်း လေးမျိုး Four approaches to Early and Later Buddhism အားဖြင့် ခွဲခြားပြီး လေ့လာလေ့ရှိတာကို တွေ့မြင်နိုင်ပါတယ်၊ အဲဒါတွေကတော့
1. Chronological approach- ခုနှစ်သက္ကရာဇ်အရ ခွဲခြမ်းစိပ်ဖြာခြင်း၊
2. Textual approach- ကျမ်းစာအလိုက် ခွဲခြမ်းစိပ်ဖြာခြင်း၊
3. Contextual Approach- ကျမ်းစားထဲမှာပါသော အချက်အလက်အလိုက် ခွဲခြမ်းစိပ်ဖြားခြင်း၊
4. Comparison with the other texts- တခြားသော မဟာယာန စသောကျမ်းတွေနှင့် နိုင်းယှဉ်ပြီး ခွဲခြမ်းစိပ်ဖြာခြင်းတို့ပဲ ဖြစ်ကြပါတယ်။
အဲဒီလေးခုထဲမှာ နံပါတ်တစ်ဖြစ်တဲ့ Chronological approach- ဆိုတာ ခုနှစ်သက္ကရာဇ်အရ ခွဲခြမ်းစိပ်ဖြာခြင်းဆိုတာ ပထမသံဃာယနာမှ တတိယသံဃာယနာစသည်အားဖြင့် အချိန်ကာလတစ်ခု အထိသတ်မှတ်ပြီး အဲဒီအရင်ကဖြစ်တဲ့ ကျမ်းတွေကို Early Buddhism လို့သတ်မှတ်ပြီး၊ အဲဒီနောက်ကဖြစ်တဲ့ ကျမ်းတွေကိုတော့ Later Buddhism လို့သတ်မှတ်လေ့ရှိကြပါတယ်။
နံပါတ်နှစ်ဖြစ်တဲ့ Textual approach- ကျမ်းစာအလိုက် ခွဲခြမ်းစိပ်ဖြာခြင်းဆိုတာ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ်နှင့် ခုဒ္ဒကနိကာယ်လာ ဓမ္မပဒ၊ ဥဒါန၊ ထေရဂါထာ၊ ထေရီဂါထာ၊ သုတ္တနိပါတ်တို့ကို Early Buddhism လို့ယူပြီး တခြားကျမ်းများကို later Buddhism လို့သတ်မှတ်ကြတာမျိုးပါ။
နံပါတ်သုံးဖြစ်တဲ့ Contextual Approach- ကျမ်းစားထဲမှာပါသော အချက်အလက်အလိုက် ခွဲခြမ်းစိပ်ဖြားခြင်းဆိုတာကတော့ ကျမ်းစာနောက်လည်းမလိုက်၊ ခုနှစ်နောက်လည်းမလိုက်ပဲ၊ ကျမ်းစာထဲမှာပါတဲ့အချက်အလတ်တွေကို ကြည့်ပြီး ခွဲခြမ်းသော နည်းကို ဆိုလိုတာပဲဖြစ်ပါတယ်၊ ဥပမာ မဟာပရိနိဗ္ဗာနသုတ် တစ်သုတ်ထဲမှာပင် ဘုရားဟောထားသောအရာများကို Early Buddhism လို့သတ်မှတ်နိုင်ပြီး၊ နောက်မှထည့်ထားသော ဓါတ်တော်ဝေခန်းတွေ၊ စေတီတည်ခန်းတွေစတဲ့ ဘုရားဟော မဟုတ်တဲ့ အပိုင်းတွေကိုတော့ Later Buddhism အဖြစ်သတ်မှတ် ကြတာမျိုးပါ။
နောက်ဆုံးနံပါတ်လေးဖြစ်တဲ့ Comparison with other texts- ဆိုတာကတော့ တခြားသော မဟာယာန စသောကျမ်းတွေနှင့် နိုင်းယှဉ်ပြီး ခွဲခြမ်းစိပ်ဖြာခြင်းဆိုတာကတော့ Theravada Texts တွေကို မဟာယာနကျမ်းစာတွေနှင့် နိုင်းယှဉ်ပြီးလျှင် မဟာယာနမှာလည်းရှိသော ကျမ်းတို့ကို Early Buddhism လို့ သတ်မှတ်နိုင်ပြီး တခြားသော ကျမ်းစာတို့ကို Later Buddhism လို့ခွဲခြားသတ်မှတ်သော နည်းတို့ပဲဖြစ်ပါတယ်၊ ဥပမာ ဒီဃာဂမ၊ မဇ္ဈိမာဂမ၊ သံယုတ္တာဂမ၊ ဧကုတ္တာဂမ (ဧက၊ ဒုက၊ တိက၊ စတုက္ကလေးပိုင်းပါတယ်)၊ ခုဒ္ဒကာဂမလို့တော့မရှိ သို့သော် ဓမ္မပဒ၊ ထေရဂါထာစသည်ဖြင့် သူတို့မှာလည်းရှိပါသည်၊ အဘိဓမ္မာကား သီးသန့်သာ မတူကွဲပြားပါသည်။
ခုနောက်ပိုင်းတော့ ပညာရှင်အများစု ညင်းရခုန်ရတာ မောလို့ပဲလား သို့မဟုတ် တိကျသော အဖြေမထွက်လို့လေပဲလားတော့ မသိ၊ အဲဒါနှင့်ပတ်သတ်ပြီး ငြင်းကြခုန်ကြတာ သိပ်မရှိတော့သလို၊ တဖက်ကလည်း တစုတဝေးတည်း ကိုယ်နှစ်ရာကိုယ် လက္ခံထားကြသည်လို့လည်း နားလည်နိုင်ပြန်ပါသေးတယ်။
ဒါကြောင့် သုတေသနကျောင်းသားတစ်ယောက် အနေဖြင့် ကိုယ်တိုင် Early Buddhism, Later Buddhism စသည်ဖြင့် ငြင်းခုန်ခြင်ပါက ခိုင်မာသော ကျမ်းတစ်ကျမ်းကို ထောက်ဆပြီး အထောက်အထားခိုင်ခိုင်မာဖြင့် ငြင်းခုန်နိုင်ပါသည်၊ ဥပမာ Oliver ရဲ့ စာအုပ်ကို ထောက်ပြီး မဟာနိဒ္ဒေသစသည်ကို Later Buddhism ထဲထည့်တာမျိုးပါ။
အခက်အခဲများကို ကျော်ဖြတ်ကာ အောင်မြင်မှုဆီ တက်လှမ်းနိုင်ကြပါစေ။
Crd အသျှင်သောပါက (ဓိပေ့အ်သျှင်)
No comments:
Post a Comment