Wednesday, June 3, 2020

အိန္ဒိယနှင့်သီရိလင်္ကာ ၂ နိုင်ငံကြားဆက်ထားသော ကျောက်တံတားအကြောင်း


ဒီတံတားက အိန္ဒိယနှင့်သီရီလင်္ကာ ၂ နိုင်ငံကို ဆက်သွယ်ထားတဲ့ ကျောက်တံတားတစ်ခုပါ။
တံတားရဲ့သမိုင်းကို အတိအကျဖော်ပြဖို့ခက်မယ်။
ဘာသာဝင်အသီးသီးတွေက အမျိုးမျိုး ယူဆကြတယ်။
တစ်ချိန်က ရာဇဝင်တစ်ခုပြောရရင် - ရာဝဏဘီလူးက သီတာကို သီဟိုဠ်ကျွန်းခေါ်ဆောင်သွားတာပေါ့၊ ရာမမင်းသားက မယ်သီတာကို ပြန်ရဖို့ စစ်ချီလာတယ်။ သူ့မှာ ဟာနုမာမျောက်တပ်ဖွဲ့ပါတယ်။
ရာမမင်းသားက ဒီတံတားကို မျောက်အင်အားနဲ့ တည်ဆောက်ထားတယ်လို့ ယူဆတာလည်း ရှိပါတယ်။
ဒါကြောင့်လည်း Ram setu, Ram Bridge လို့ ခေါ်ကြပါတယ်။

ခရစ်ယာန်တွေကတော့ ဒီတံတားကို အဒမ်တံတား (Adam's Bridge)လို့ ဆိုကြပြန်တယ်။

ဒီတံတားကို အချို့က လူတွေတည်ဆောက်ထားတယ်လို့ဆိုကြပေမယ့်
တချို့ကတော့ သဘာဝအလိုအလျောက်ဖြစ်နေတဲ့တံတားလို့ ဆိုကြပါတယ်။
(တချို့တက္ကသိုလ်မှာ သီဟိုဠ်သမိုင်းသင်ကြတယ်။ ဒီတံတားအကြောင်းကို သင်တဲ့အခါ မျက်စိထဲရှင်းနေအောင် လေ့လာထားသင့်ပါတယ်။ သင်ယူတဲ့ကျောင်းသားများကလည်း ဒီဗီဒီယို၊ ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် နားလည်လွယ်ပါလိမ့်မယ်။

အကျယ်တဝင့်ဖတ်လေ့လာချင်ရင်တော့ Twitter, you tube, google တွေမှာ ရှာဖွေနိုင်ပါတယ်။
နမူနာဗီဒီယို ---





No comments:

Post a Comment