Monday, June 8, 2020

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တစေ့တစောင်း





မော်ကွန်းထိန်းရုံးလိပ်စာ ၀၉၆၆၅၃၆၂ ၀၉၆၆၂၉၉၇ ၀၉၅၄၀၂၉၅၃



ဝင်ခွင့်လျှောက်လွှာထုတ်ယူနိုင်သည့်ရက်၊အချိန်၊နေရာ (ကိုယ်စားထုတ်ယူနိုင်သည်) သီတင်းကျွတ်လပြည့်ကျော် ၉ ရက် နံနက် ၇း၃၀ မှ ၁၀ နာရီထိ နေ့လယ် ၁း၃၀ မှ ၄ နာရီထိ သာသနာ့တက္ကသိုလ် မော်ကွန်းထိန်းဌာနရှေ့ ကြော်ငြာစာများကို သေချာဖတ်ပါ
ဘီအေတန်းဝင်ခွင့်နှင့် မိတ်ဆက်ခြင်း သီတင်းကျွတ်လပြည့်ကျော် ၉ ရက်မှ တန်ဆောင်မုန်းလဆန်း ၁၃ ရက်အတွင်း ဝင်ခွင့်လျှောက်လွှာများကို ကိုယ်တိုင်ဖြစ််စေ၊ကိုယ်စားဖြစ်စေ ထုတ်ယူ၍ ကိုယ်တိုင်သာ ပြန်လည်တင်သွင်းရမည်၊ ဘီအေတန်း ဝင်ခွင့်အရည်အချင်း - ၁။ အစိုးရပထမကြီးတန်း၊ သကျသီဟ (သို့) စေတီယင်္ဂဏဓမ္မာစရိယ စာသင်တန်းတစ်ခုခုအောင်မြင်ပြီးခြင်း၊ ၂။ သက်တော် ၃၀ (၁၀ ဝါ) အတွင်းဖြစ်ခြင်း၊ ၃။ ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံခြင်း၊ လျှောက်လွှာတင်သွင်းသည့်အခါ မှတ်ပုံတင်မူရင်း ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၂ ပုံ အကြီးတန်းအောင်လက်မှတ်မူရင်းနှင့် မိတ္တူ ပါရမည်။ (အောင်လက်မှတ်မရသေးသူများအတွက် ချွင်းချက်ရှိသည်) ပတ်စ်ပို့ပုံ ၂ ပုံနောက်ကျောတွင် ဘွဲ့အမည်၊သာအမှတ်၊အဖအမည် ရေးပြီး တစ်ပုံကို လျှောက်လွှာတွင်ကပ်ပါ။ ကျန်တစ်ပုံကို ခုံနံပါတ်တွင် ကပ်ပါ။ ဝင်ခွင့်လျှောက်လျှာပါ အချက်တို့ကို သေချာဖြည့်ပါ - ထိုတွင် အမှတ်စဉ် ၆ တွင် မွေးသက္ကရာဇ်၊ခုနှစ်၊လ၊ရက် ပြည့်စုံအောင်ဖြည့်ပါ။ အမှတ်စဉ် ၇ တွင် ရဟန်းဖြစ်ရက်ချုပ်ကို သာသနာမှတ်တမ်းပါသည့်တိုင်း ညီညွတ်အောင် ဖြည့်ပါ(ရှင်/ရဟန်းတခုခုပဲဖြည့်ပါ) အမှတ်စဉ် ၉ တွင် မိမိ လက်ရှိသီတင်းသုံးသည့်ကျောင်းကို အဓိကမထားရ၊ မိမိအမှန်တကယ် ဝင်ရောက်ဖြေဆိုမည့်ကျောင်းလိပ်စာသာ ဖြည့်ပါ။ ( ဥပမာ - မန္တလေးရဟန်းတစ်ပါးက ရန်ကုန်မှာ လာဖြေမယ်ဆိုရင် ဆရာတော်ထောက်ခံစာ ပြန်ယူရတာ မလွယ်ပါ။ ရေးဖေနှုတ်ဖြေအောင်ပြီးရင်လည်း အဆောင်နေခွင့် လျှောက်ရတယ်။ အဲဒီအခါ ရက်ကလည်း သိပ်မရှိတော့ဘူး။ မန္တလေးကို ဆရာတော်ထောက်ခံစာ။ မြို့နယ်ဥက္ကဌထောက်ခံစာ ယူဖို့ မလွယ်ပါ။ ဒါကြောင့် နီးစပ်ရာ ကျောင်းကိုပဲ အားကိုးဖြေဆိုပါ၊ အဲဒီကျောင်းလိပ်စာပဲ ရေးသွင်းပါ) အမှတ်စဉ် ၁၀ တွင် အောင်မြင်ပြီးသောအတန်းကိုဖော်ပြရာ၌ စာဖြေဌာနသင်္ကေတ၊ခုနှစ်၊ခုံအမှတ်၊စာဖြေဌာန၊ကျောင်းတိုက် အပြည့်စုံ ဖော်ပြပါ။ စာမေးပွဲဖြေဆိုသည့်အခါ မှတ်ပုံတင်မူရင်း၊ ခုံအမှတ်ကဒ်ပြား၊ ကိုယ်ပိုင်စာရေးကိရိယာများ ယူဆောင်လာပါ။ မေးခွန်းသည် ၁ နာရီမှ ၄ နာရီထိဖြေဆိုရသော ၃ နာရီမေးခွန်းဖြစ်သည်။ နာရီဝက်နောက်ကျလျှင် စာမေးပွဲခန်းသို့ ဝင်ရောက်ခွင့် မရှိပါ။

ဘီအေတန်းဝင်ခွင့်ဘာသာရပ်များနှင့်မိတ်ဆက်ခြင်း ပထမနေ့ - ဝိနယနှင့် အဘိဓမ္မဘာသာ (၅ ပုဒ်စီ) ဒုတိယနေ့ - ပါဠိနှင့် ဗဟုသုတဘာသာ (၅ ပုဒ်စီ) ပထမနေ့အတွက် အကြီးတန်းပြဌာန်းစာများကို ပြန်လည်လေ့လာထားပါ။ အကြီးတန်းမူအတိုင်း ရိုးရိုးအဓိပ္ပာယ်၊ ဉာဏ်စမ်းအဓိပ္ပာယ်၊သရုပ်ပိုင်းဆိုင်ရာ သုံးမျိုးလုံး မေးခွင့်ရှိသည်။ စာစီစာကုံးဆန်ဆန်ပုစ္ဆာများလည်း မေးတတ်၍ ပုစ္ဆာအနေထားကြည့်ပြီး လိမ္မာပါးနပ်စွာ ဖြေနိုင်အောင်ကြိုးစားပါ။ ဒုတိယနေ့- ပါဠိဘာသာရပ်အတွက် ကစ္စည်းသဒ္ဒါကြီး ၈ ဆောင်လုံးနှင့်း ဇာတ်ဘာသာပြန်များကို ပြန်လေ့လာပါ။ ပါဠိနှင့်ပတ်သက်၍ မေးလေ့ရှိသောပုံစံမှာ - ပါဠိဝါကျကို မြန်မာဝါကျသိုံပြန်စေခြင်း မြန်မာဝါကျကို ပါဠိဝါကျသို့ ပြန်စေခြင်း ပဓာနကြိယာကို ဖော်ပြပြီး ကတ္တား ကံ ကရိုဏ်း သမ္ပဒါန်စသည် ဖြည့်စေခြင်း ဝါကျခွဲစိပ်ခြင်း၊ ဝါကျပေါင်းစေခြင်း ပရိတ်ကြီး၊ဇာတက၊ဓမ္မပဒဂါထာများကို ထုတ်ပြကာ - သန္ဓိပုဒ်စပ်-ပုဒ်ဖြတ်၊ နာမ်ဂိုဏ်းစဉ်၊ဝိဘတ်သွယ်၊ အာချာတ်ကြိယာ ဓာတ်+ပစ္စည်းခွဲ၊ ကာရကပုဒ်များ၏ ဝိဘတ္တိနှင့် ဝိဘတျတ္ထ၊ သမာသ်ဝိဂ္ဂဟနှင့် ပုဒ်ခွဲ၊ တဒ္ဓိတ်ဝိဂ္ဂဟနှင့် ပုဒ်+ပစ္စည်းဝေဖန်ခြင်း၊ ကိတ်ဝိဂ္ဂဟနှင့် ဓာတ်+ပစ္စည်းဝေဖန်ခြင်း တို့ဖြစ်သည်။ တစ်ခါတစ်ရံ ဇာတကဝါကျများထုတ်ပြကာ အထက်ပါ သဒ္ဒါဆိုင်ရာများကို မေးခြင်းဖြစ်၍ ဇာတကများကိုလည်း ပြန်လေ့လာသင့်ပါသည်။ ဒုတိယနေ့- ဗဟုသုတဘာသာရပ်အတွက် သင်္ချာ သရုပ် အဓိပ္ပာယ် စာစီစာကုံးဆန်ဆန် မေးများနိုင်သည်။ လေ့လာထားရမည့် အကြောင်းအရာများ - မဟာသံဃနာယကအဖွဲ့ကြီးပေါ်ပေါက်လာပုံ သံဃအဖွဲ့အစည်းမျာ၏ သာသနာရေးဆောင်ရွက်ချက်များ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ သာသနာရေးဆောင်ရွက်ချက်များ မြန်မာနိုင်ငံရှိ စာသင်တိုက်၊ရိပ်သာများ၏ အရေအတွက် မြန်မာပြညအရပ်ရပ်မှ သမိုင်းဝင် စေတီဘုရားများသမိုင်းနှင့် တည်ရှိရာ ဒေသ၊မြို့ရွာ၊ ပြည်နယ်-တိုင်း ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာရောက်ရှိ ပြန့်ပွားပုံ ဗုဒ္ဓခေတ် ထင်ရှားသော ထေရာ ထေရီ၊ ဥပါသကာ ဥပါသိကာများ ပုဂံခေတ််မှ မျက်မှောက်ထိ ထင်ရှားသော ကျမ်းတတ်အကျော် ပုဂ္ဂိုလ်များနှင့် ယင်းတို့အတ္ထုပ္ပတ္တိ၊ပြုစုခဲ့သော ကျမ်းများ--- နှုတ်ဖြေစာမေးပွဲ(အင်တာဗျူး) ဖြေဆိုရန် - နှုတ်ဖြေအောင်စာရင်း ထုတ်ပြန်သည့်နေ့မှစ၍ အောင်မြင်သူများသည် မှတ်ပုံတင်ပြ၍ ခုံနံပါတ်ပြန်ထုတ်ယူပါ. (နှုတ်ဖြေမည့်ရက်ကို ရေးဖြေအောင်စာရင်းနှင့်အတူ ပူးတွဲဖော်ပြထားမည်) နှုတ်ဖြေစာမေးပွဲသည် စာဖြေရှင်၏ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု ရှိ-မရှိ၊ အပြောအဆို အနေအထိုင် ပြေပြစ်မှု ရှိ-မရှိ စစ်ဆေးခြင်းဖြစ်၍ မေးသမျှကို သွက်သွက်လက်လက် ဖြေဆိုပါ။ မှားမှား မှန်မှန်, ရဲရဲဝံ့ဝံ့ ဖြေပါ။ ဥပဓိရုပ်ကိုလည်း အကဲခတ်တတ်၍ လက်မောင်းမှာ တက်တူးပြည့်နေလျှင် အင်တာဗျုးဖြေသောအခါ လက်ကန်တော့တင်၍ ဝင်ပါ၊ နှုတ်ဖြေအောင်မြင်သူများသည် - အောင်စာရင်းထုတ်ပြန်သည့်နေ့မှစ၍ သာသနာမှတ်ပုံတင်ပြ၍ ကျောင်းဝင်ခွင့်(အဆောင်နေခွင့်)လျှောက်လွှာထုတ်ယူပြီး မိမိဖြေဆိုတင်သွင်းခဲ့ရာ ကျောင်းထိုင်ဆရာတော်လက်မှတ်၊ မြို့နယ်သံဃနာယကလက်မှတ်ရအောင်ယူရမည်။ ကျန်းမာရေးထောက်ခံစာလည်း လိုသည်။ (သို့သော် ကျန်းမာရေးထောက်ခံစာကို တက္ကသိုလ်က စီစဉ်ပေးသည်။) ထိုလက်မှတ်(ထောက်ခံစာ)တို့ကို တင်သွင်းပြီး တက္ကသိုလ်သို့ အပြီးဝင်ရောက် တရားဝင်သီတင်းသုံးရမည်၊
--အမ်အေတန်းဝင်ခွင့် စည်းကမ်းချက်များ--- ၁။ သာသနတက္ကသီလဓမ္မာစရိယ၊ သာသနဓဇဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ စေတီယင်္ဂဏဓမ္မာစရိယဘွဲ့ တစ်ခုခု ရရှိပြီး ဖြစ်ရမည်။ ၂။ သက်တော် ၃၅ နှစ် (၁၅ ဝါ)အတွင်းဖြစ်ပြီး ဥပဓိသမ္ပတ္တိနှင့် ကျန်းမာရေး ကောင်းမွန်ပြည့်စုံရမည်။ ၃။ ဝင်ခွင့်စာမေးပွဲအောင်မှသာ တက်ရောက်ခွင့်ရမည်။ ၄။ သာသနတက္ကသီလဓမ္မာစရိယဘွဲ့ ရရှိပြီးသူသည် မိမိဘွဲ့ရရှိရာ တက္ကသိုလ်၌သာ ဝင်ခွင့်ဖြေဆိုရမည်။ ၅။ မေးခွန်းသည် သာသနာ့တက္ကသိုလ် စတုတ္ထနှစ်သင်ရိုးအတိုင်းဖြစ်ပြီး စတုတ္ထနှစ်စာမေးပွဲနှင့် အဆင့်တူမေးခွန်း ဖြစ်သည်။ ၆။ သာသနာ့တက္ကသိုလ် ဘီအေတန်းတက်ဆဲပုဂ္ဂိုလ်များအနက် သာသနဓဇဓမ္မာစရိယဘွဲ့ရရှိသူများသည် မိမိသဘောထားနှင့်အညီ အမ်အေတန်းဝင်ခွင့် ဝင်ရောက်ဖြေဆိုနိုင်သည်။ (ဝင်ခွင့်မအောင်မြင်လျှင် မိမိတက်ဆဲအတန်း၌ ပြန်လည်တက်ရောက်နိုင်သည်) ၇။ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုတာဝန် ထမ်းဆောင်ပြီးပုဂ္ဂိုလ်ဖြစ်ပါက နောက်ထပ်သာသနာပြု စေလွတ်မည် မဟုတ်ပါ။ ------------------------------------ အမ်အေတန်းဝင်ခွင့် လျှောက်လွှာ တင်သွင်းသောအခါ - ၁။ သာသနာဝင်အမှတ် မူရင်း ၂။ ပတ်စ်ပို့ပုံ ၂ ပုံ ၃။ မိမိရရှိထားသော ဓမ္မာစရိယဘွဲ့အောင်လက်မှတ်မူရင်းနှင့် မိတ္တူ ယူလာပါရန်။






ဖြေဆိုရမည့် ဘာသာရပ်များနှင့် ပြဌာန်းစာ - ပထမနေ့ -ကျမ်းရင်း ၃ ကျမ်းဖြေရမည်။ တစ်ကျမ်းလျှင် - (က) အတ္ထယောဇနာ (ခ) ဝါကျသဒ္ဒါ (ဂ) အဓိပ္ပါယတ္ထ (ဃ) ခေတ်‌‌လေ့လာနည်း ဟူ၍ ၄ ပုစ္ဆာနှုန်းဖြင့် ၁၂ ပုဒ်မေးမည်။ မိမိနှစ်သက်ရာ ၁၀ ပုဒ်သာ ဖြေဆိုရမည်။ ဒုတိယနေ့ - ပါဠိ မြန်မာ အင်္ဂလိပ် ပြန်ပွား ဖြေရမည်။ ဘာသာရပ်တစ်ခုလျှင် ၃ ပုဒ်နှုန်းဖြင့် ၁၂ ပုဒ်မေးမည်၊ မိမိနှစ်သက်ရာ ၁၀ ပုဒ်သာ ဖြေရမည်။ မေးမည့်ပုံစံ အကြောင်းအရာများ - ပါဠိ - (က) ရိုးရာနည်း (ခ) ခေတ်သင်နည်း (ဂ) ပါဠိစာပေ မြန်မာ - (က) ပါရမီတော်ခန်းပျို့ ဖွင့်ဆိုချက် (ပိုဒ်ရေ ၁ မှ ၅ အထိ) (ခ) ပါရမီတော်ခန်းပျို့နှင့် ရှင်ဒိသာပါမောက်ကျောက်စာတို့မှ ဝေါဟာရခက်ဆစ် (ဂ) စာစီစာကုံး အင်္ဂလိပ် - (က) ဓမ္မပဒ -စိတ္တဝဂ် (ပါဠိကို အင်္ဂလိပ်ပြန်ခြင်း) (ခ) ဂရမ်မာ (grammer) (ဂ) စာစီစာကုံး (essay) ပြန့်ပွား - (က) ပိဋကတ်သမိုင်း၊ ကျမ်းပြုပုဂ္ဂိလ်များ (ခ) သီရိလင်္ကာသို့ သာသနာရောက်ရှိပြန့်ပွားပုံ (ဂ) ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာရောက်ရှိပြန့်ပွားပုံ



မေးခွန်းဟောင်းနှစ်စုံ ဖော်ပြပေးလိုက်ပါသည်။
ဘီအေတန်းမေးခွန်း

......................................................................

အမ်အေတန်းမေးခွန်း





လေ့လာရန် ဝင်ခွင့်စာအုပ်
...............................................................................

အသေးစိတ်အကျယ်ဖတ်ရှုလိုသော် ----







.....................................................


(စာမရီ-ရာမညမြေ)
သာသနတက္ကသီလဓမ္မာစရိယ
BA, Buddhism (2019)





No comments:

Post a Comment