The Home of Natural English သင်တန်းကို ကိုနန္ဒသင်တန်းလို့ လူသိများကြတယ်။ သူက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်ကနေ (B.A)ဘွဲ့ရထားသူလည်း ဖြစ်ပါတယ်။ သီရီလင်္ကာမှာ အိမ်ထောင်ကျသူ ဖြစ်ပါတယ်။ နိုင်ငံသားအနေနဲ့ကတော့ အင်္ဂလန်နိုင်ငံသားပါ။ မြန်မာစကားလည်း ပြောတတ်တော့ မြန်မာကျောင်းသားများအတွက် သိပ်အဆင်ပြေပါတယ်။ ဒါကြောင့်လည်း သူ့သင်တန်းကို မြန်မာကျောင်းသားများ ရွေးချယ်တက်ကြခြင်း ဖြစ်ပါတယ်။
သင်တန်း page (နှိပ်၍ဝင်ပါ)
သင်တန်း ပထမအဆင့်ဟာ နာရီပေါင်း ၃၀ တက်ရသောသင်တန်းပါ။
စနေ တနင်္ဂနွေနေ့တိုင်း မနက် ၈း၃၀ မှ ၁၀း၃၀ ထိ တက်ရတယ်။
တစ်ရက် ၂ နာရီ, ၂ ရက် ၄ နာရီ (တစ်ပတ်မှာ နှစ်ရက် ၄ နာရီတက်ရတယ်။)
ဒီမှာတော့ သူ့ဆီသင်တန်းတက်ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေပေးမှာဖြစ်ပါတယ်။
ပထမပတ် သင်တန်းမှတ်စု (-/ -/ ၂၀၂၀)
သူ့ဆီသင်တန်းစတက်တာနဲ့ အသံထွက်ပြင်ပေးပါတယ်။ ကျောင်းသားတွေကလည်း အင်္ဂလိပ်စစ်စစ်ဆီကဆိုတော့ ယုံကြည်မှုအပြည့်နဲ့ သင်ကြပါတယ်။
သင်တန်းစတော့ သူက စကားလုံး ၄ လုံးရေးပြပြီး အသံထွက်ပြပါတယ်။
P , F, V, B (P ဖသံ, F ဖှသံ, V အောက်နှုတ်ခမ်းနှင့်သွားထိတဲ့အသံ , B ဘသံ)
Alphabet (phကို ဖသံထွက်၊ b ကို ဘသံထွက်ပါ)
အဲဒီစကားလုံး ၄ လုံးကို ပီပြင်အောင်ထွက်နိုင်ဖို့ ဝါကျရှည်တစ်ကြောင်းပေးပြီး အသံကွဲအောင် ဖတ်ပြတယ်၊ ပြီးရင် ကျောင်းသားများက တလှည့်စီဖတ်ရတယ်။
သူ့ဝါကျ - Please Put the Fan in the Vary Big Van next to the Pan.
(Please ဖလိစ်(ဖသံ)၊ Put ဖွတ် (ဖသံ)၊ the Fan ဖှန် (အက်ဖ်သံ)၊ in the Very( ဗွီသံ)? Big (ဘသံ) Van ဗန် (ဗွီသံ) next to the Pan ဖန်(ဖသံ)
ဒါက P F V B အသံထွက်ပြင်တာပါ။
နောက်တစ်ခုက Th (သ်)သံ နှင့် T ( ထ်)သံ ပြင်ရပါတယ်။ အဲဒီအတွက် သူပေးထားတဲ့ The Life of the Buddha စာရွက်က ဝါကျကို ထုတ်ပြပါတယ်။ သူ့ဝါကျကို စာရွက်ရဲ့ ဘယ်ဘက်မှာ တွေ့ရမှာပါ။
On the full moon day of June (the sixth lunar month which we call Visaka), she gave birth to a son under the Sala trees in a beautiful park called Lumbini.
(အစိမ်းရောင်ကို သ် သံထွက်ပါ၊ အနီရောင်ကို ထ် သံထွက်ပါ)
ဒါက အသံထွက်ပိုင်းပါ။
နောက် On, In, At အသုံးနှင့်ပတ်သက်ပြီး ဆရာရှင်းပြတာက -
၁/ ဖြန့်ထားတဲ့ ကိုယ့်လက်ဝါးပေါ်မှာ တစ်ခုခုတင်ထားရင် On the hand လို့ on ကို သုံးပါ။
၂/ လက်မှာတစ်ခုခုကို ဆုပ်ကိုင်ထားရင် In the handလို့ In သုံးပါ။
In the school လို့သုံးလိုက်ရင် ကျောင်းအထဲမှာရှိနေတယ်လို့ ဆိုလိုတယ်။
၃. အင်္ကျီအိတ်ထဲ တစ်ခုခုထည့်ထားရင် At the pocket လို့ At သုံးပါ။
At the school လို့ သုံးလိုက်ရင် ကျောင်းအထဲမှာနေတာ မဟုတ်ဘူး၊ ကျောင်းမုခ်ဝ၊ ပတ်ဝန်းကျင်၊ ပန်းခြံမှာနေတာကို ဆိုလိုတယ်။
စာဖတ်တဲ့အခါ တွေ့ရတဲ့ gave birth နှင့် give အသံထွက်ကွဲပြားပုံဆက်၇ှင်းပါတယ်။
gave က (''ei'' sound) ''အေး'' အသံထွက်ပါတယ်။ ဂေးဗ် ဟုအသံထွက်ပါ။ပါးစပ်နဲနဲဖွင့်အသံထွက်ပါ။
give (''i'' sound)''အစ်''အသံ ထွက်ပါတယ်။ ဂစ်ဗ် (ပါးစပ်ဖွင့်စရာမလို)
-------------------------------------------------------------------------------------
ဒုတိယပတ် သင်တန်းမှတ်စု (-/-/၂၀၂၀)
ဒုတိယပတ်မှာတော့ စာဟုတ်တိပတ်တိ မသင်လိုက်ရဘူး။ လေ့ကျင့်ခန်းစစ်ဆေးတာ ပြီးတော့ ဆရာကို ဟိုမေးဒီမေးနဲ့ပြီးသွားတာ။ သင်ပေးတာလည်း ပထမရက်က စာရွက်ပါပဲ။ ဒီနေ့တော့ ဘာလုပ်ခိုင်းလဲဆိုတော့
ဆရာက မေးခွန်း ၁၀ ခုပေးတယ်။
ကျောင်းသားတွေက အဖြေပေးရတယ်။ စာရွက်ကို သေချာဖတ်ထားရင် ဖြေလို့ရပါတယ်။
ဒီမေးခွန်းနှင့် အဖြေကို ဖတ်လိုက်လို့ နိမ့်တယ်လို့ မထူးဘူးလို့ မထင်လိုက်နဲ့
ဒီစာကိုသင်တဲ့နောက်ကွယ် ဗဟုသုတွေ အများကြီးရှိသေးတယ်။ ရေးချလိုက်ရင် ကောင်းကင်ကြီးဆန့်မှာ မဟုတ်ဘူး။
မေးခွန်း ၁၀ ခု -
1. What was the name of king?
2. What was the name of the king's wife?
3. What was the name of Capital city?
4. When was the Buddha born?
5. Who raised Siddhattha?
6. How old was Siddhattha when he married?
7. How long were they married for?
8. Where did the Buddha see the four signs?
9. Why did he leave the Brahman teachers?
10. When did the Buddha start teaching the Dhamma?
အဖြေ ၁၀ ခု (ကျောင်းသားတွေဖြေပြီး ဆရာက အတည်ပြုပေးတဲ့အဖြေ)
1. The king's name was Suddhodhana Gautama.
2. The king's wife's name was Queen Mahamaya.
3. The name of capital city was Kapilavatthu.
4. The Buddha was born on the full moon day of June. (June = Ԁӡu:n-ဂျူးန်)
5. Mahapajapati Gotami raised Siddhattha.
6. Siddhattha was sixteen when he married.
7. The were married for thirteen years. (Native Speaker ကတော့ Thirteen ကို 13 လို့ပဲသုံးသည်).
8. The Buddha saw the four signs in the Royal Gardens.
9. He left the Brahman teachers because they did not know the truth.
10. The Buddha started teaching the Dhamma two months after Enlightenment.
ပြီးတော့မှ ကိုယ်ပိုင်မေးခွန်း ၁၀ ခု ထုတ်ခိုင်းတယ်. ကျန်တာပြသနာမရှိပေမယ့် How long လည်းရောက်ရော ချီတုံချတုံဖြစ်တဲ့သူရှိတော့ ရှင်းရရော။
How long have you been --------(V+ing)-----------to ----------(Object)-------------?(ပုံစံ)
How long have you been going to university? ကျောင်းတက်တာ(သွားတာ) ဘယ်လောက်ကြာပြီလဲ?
How long have you been going to work? (အလုပ်သွား/အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ။
ဘယ်လိုဖြေမလဲ?
I have been going to university for two weeks. (တိကျသည်။ နှစ်ပတ်ကြာ)
I have been going to university for about two weeks. (မတိကျ။ နှစ်ပတ်ခန့်လောက်)
...............................
တတိယပတ် သင်တန်းမှတ်စု (၂၇-၂၈/၀၆/၂၀၂၀)
''ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်''
''ငါ့လှေငါထိုး ပဲခူးရောက်ရောက်''
ဒီလိုပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး သင်တန်းပြန်တက်ဖြစ်တာပဲ။
သို့သော် လူစုတဲ့အခါတော့ ''ဟိုတစ်ပါးက တက်မလိုလို၊ မတက်တော့သလိုလို
ဟိုတစ်ပါ်းက ဟိုလိုလို၊ ဒီလိုလို'' နဲ့ မေးမြန်းအကြံပြုရနဲ့ နောက်ဆုံးတော့ ငါးပါးတစ်ဖွဲ့စုမိတာပေါ့။
ဟိုတစ်ပါ်းက ဟိုလိုလို၊ ဒီလိုလို'' နဲ့ မေးမြန်းအကြံပြုရနဲ့ နောက်ဆုံးတော့ ငါးပါးတစ်ဖွဲ့စုမိတာပေါ့။
စီလုံမှာက သင်တန်းတက်တဲ့အခါ အနည်းဆုံး ၃ ပါးတစ်ဖွဲ့လောက်မှ ကားစီးရတာ သက်သာပါတယ်။
သုံးဘီးတက္ကစီစီးရင် အသွားတစ်ခေါက်ဆို ၃၀၀ ကျော်ကျတယ်။ အပြန်လည်း တူတူပဲ။ စုပေါင်းစီးလိုက်တဲ့အတွက် အသွား ၁၀၀ ကျော်၊ အပြန် ၁၀၀ ကျော်၊ တစ်ရက်မှာ ၃၀၀ လောက်ပဲကားခ ကျသင့်ပါတယ်။
တစ်ယောက်တည်းသာ စီးလို့ကတော့ တစ်ရက်မှာ ၇၀၀ လောက်ကျလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ သင်တန်းပြန်တက်နေပြီ၊ စိုးရိမ်မှုတော့ ရှိတုန်းပေါ့။
ဒီတတိယပတ်မှာ ဆရာသင်ကြားမှုတွေကို ပြန်လေ့လာကြည့်ရအောင်။
ဒီတစ်ပတ်မှာလည်း ပုံတွေကို ကြည့်ပြီး ဝါကျတည်ဆောက်တာပဲ။ သို့သော် ကိုယ်ဆောက်ချင်သလို တည်ဆောက်လို့ မရပါ။ သူများမေးတဲ့အပေါ်မူတည်ပြီးမှ တည်ဆောက်ရတယ်။
ပုံစံကတော့ -နှစ်ယောက်တစ်တွဲ အမေးအဖြေလုပ်ရတာပါ။
တစ်ပါးမှာ A paper ကို ကိုင်ထား။ ပြိုင်ဘက်တစ်ပါးက B paper ကိုင်ထား။
A paper ကိုင်တဲ့သူက ''At the bottom of this picture, on the life side, what are you seeing?
(ဒီစာရွက် ဒီပုံတွေရဲ့အောက် ဘယ်ဘက်ခြမ်းမှာ မင်းဘာတွေ့လဲ- မေးလိုက်တဲ့အခါ '' I am see that there is a man sitting on the chair.လို့ အဖြေပေးရတယ်။ ဆက်ပြီးတော့ မေးကြဖြေကြတာပေါ့.
A : What is he doing?
B : He is playing a game.
A: What are you seeing ales on the table.
B: I am seeing that there is a cup of tea on the table.
ဒီလိုနဲ့ အချင်းချင်း အပြန်အလှန် မေးကြဖြေကြတာပါ။
A paper နှင့် B paper ကို သေချာကြည့်နော်. အနည်းငယ်ကွဲပြားမှုတွေပါရှိတယ်။
လမ်းပေါ်က ယာဉ်အရေအတွက်။ ကားစီးတဲ့သူတွေ အရေအတွက် မတူဘူး၊ သေချာကြည့်ပါ။
စာရွက်ထဲကဝေါဟာရအနည်းငယ်ထုတ်ပြခြင်း -
Violin = တယော
Helmet = ဆိုင်င်ကယ် စက်ဘီး ပြိုင်ပွဲတွေ၊ လေ့ကျင့်ခန်းတွေမှာစောင်းတဲ့ဦးထုပ်(ရိုးရိုးဦးထုပ်က Hat)
Curtain =( ပြတင်းပေါက်ဟိုဘက်ဒီယက်ဆွဲရတဲ့) လိုက်ကာ
Owning = (ဆိုင်ရှေ့ အိမ်ရှေ့မှာ ဆင်ထားတပ်ထားတဲ့) အမိုး၊ အကာ
Busker = အနုပညာတစ်ခုခုဖြင့် လမ်းစသည့်တစ်နေရာရာမှာ ငွေရှာသူ
Price tag, Price table = စေ◌ျးနှုန်းရေးထားတဲ့ တိုင်သေးသေးလေး
Street Light / Lamppost = ဒန့်တိုင်၊ မီးတိုင်
Heat light = ကားရှေ့မီး
Rear light = ကားနောက်မီး
Sidewalk = လမ်းမကြီးဘေး လူသွားစင်္ကြာလမ်း(UK)
Pavement = လမ်းမကြီးဘေး လူသွားစင်္ကြာလမ်း(US)
...............................
အခြားသင်ကြားမှုများကို ြကည့်ရအောင်ပါ။
Hostel = အဆောင်
Hotel = ဟိုတယ်
Motel = တစ်ညတာအိပ်တဲ့ ဧည့်ရိပ်သာ၊ တည်းခိုခန်းငယ်လေးပါ။
Inn = တည်းခိုခန်း
........................................
သင်ကြားနည်းမှာ -
Grammar way = သဒ္ဒါစည်းကမ်းအတိုင်းသင်တဲ့နည်း
Natural way = Native Speaker သုံးတဲ့နည်း
တစ်နည်းအားဖြင့် -
Fluency way = Free (လွတ်လပ်စွာသင်တဲ့နည်း) Speaking ကိုပြောတာပါ
Accuracy way = Correct = အမှားကိုပြင်ဆင် ဂရုစိုက်ရတဲ့နည်း ။ Grammar ကို ပြောတာပါ။
..........................
English မှာ Old English and Modern English ရှိပါတယ်။သူတို့မှာ Slang ဆိုတဲ့ ဗန်းစကားကို သုံးကြတာရှိပါတယ်။ ဥပမာ - Bad အသုံးပေါ့။
Bad = မကောင်းသော လို့ ဘာသာပြန်ကြတယ်။ ရှေးအင်္ဂလိပ်ကတော့ ဗန်းစကားအနေနဲ့သုံးတဲ့အခါ
Bad ဟာ အလွန်ကောင်းသော (very) အနက်ထွက်ပါတယ်။
This pen is bad. ဒီဘောပင်က သိပ်ကောင်းတယ်ကွာ ။(သိပ်မိုက်တယ်) Old Eng အသုံးပေါ့။
................
Prepositions --
In side = အတွင်းမှာ
Out side = အပြင်မှာ
above = အထက်မှာ
bellow =အောက်မှာ,တွင်
near =အနီးမှာ
next to =အနီးမှာ
on the left =ဘယ်ဘက်မှာ
on the right =ညာဘက်မှာ
In the middle =အလယ်မှာ
At the bottom =အောက်မှာ
At the top =ထိပ်ဖျားမှာ (တောင်ထိပ်၊ လက်ချောင်းထိပ်စသည်)
In front of = ရှေ့မှာ
behind = နောက်မှာ
On top of = လက်ဝါးပေါ်မှာ (on top of hand) / လက်ချောင်းပေါ်တင်ထားရင် at the top နဲ့ရေးပါ။
under = (ခုံ၊ စားပွဲ) အောက်မှာ
underneath = (စာရွက်၊ အိတ်) အောက်မှာ../
................
ပုံစံလေးတွေ ဆွဲရအောင်
ပိုကောင်းသောပုံကြည့်ရန် Drive link ကို နှိပ်ပါ (Drive link)
လေ့ကျင့်ခန်း
ပုံကောင်းကြည့်ရန် Drive linkကို နှိပ်ပါ (Drive link)