Thursday, September 24, 2020

ပါဌ်ဆင့်ဖတ်နည်း

 ပါဠိဘာသာ ရွတ်ဖတ်နည်း

______________________
ရှေးဦးစွာအက္ခရာတို့ကို သိထားရမည်။
အက္ခရာ(၄၁)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ
ဗျဉ်း(၃၃)လုံး
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး နှင့် ဗျဉ်း (၃၃) လုံး ပေါင်းလျှင် အက္ခရာ(၄၁) လုံးပင်ဖြစ်၏။
၁။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (က.ဂ)အသတ်များသည်(အက်)ဟု အသံထွက်၏။
(အပေါ်စာလုံးကို အသတ်ဟုမှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
စက္က (စက်က)
ဝိတက္ကော (ဝိတက်ကော)
မဂ္ဂ (မက်ဂ)
သဂ္ဂ (သက်ဂ)
၂။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (စ.ဇ) အသတ်များသည်(အစ်) ဟု အသံထွက်၏။
ပစ္စ (ပစ်စ)
သစ္စ (သစ်စ)
အဇ္ဇ (အစ်ဇ)
၃။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (င.ဉ) အသတ်များသည် (အင်) ဟု အသံထွက်၏။
အင်္ဂ (အင်ဂ)
အလင်္ကာ (အလင်ကာ)
မင်္ဂလာ (မင်ဂလာ)
ပဉ္စ (ပင်စ)
အညမည (အင်ညမင်ည)
၄။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဏ.န.မ.လ.) အသတ် များသည် (အန်) ဟု အသံထွက်၏။
က႑ (ကန္ဍ)
အန္တ (အန်တ)
ဓမ္မ (ဓမ်မ)
ပလ္လင်္ဂ (ပန်လင်ဂ)
၅။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ (ဝတ်ဋ)
ဒဍ်ဎော (ဒတ်ဎော)
ကတ္တု (ကတ်တု)
ဗဒ္ဓ (ဗတ်ဓ)
ပဗ္ဗတ (ပတ်ဗတ)
သပ္ပော (သပ်ပေါ)
ဒဿန (ဒတ်သန)
၆။ ဣ သရ နှင့် ဥ သရ ပါရာ၌ (က.ဂ.ဇ.စ)တို့ကို(တ)သတ်အသံဖြင့်ဖတ်ရမည်။
ဘိက္ခု (ဘိတ်ခု)
ဝိဇ္ဇာ (ဝိတ်ဇာ)
ကိစ္စ (ကိတ်စ)
သိက္ခာ (သိတ်ခါ)
ဥဂ္ဂ (အုတ်ဂ)
ဒုက္ခ (ဒုတ်ခ)
ဥစ္စာ (အုတ်စာ)
မှတ်ချက်/ပါဠိ၌ ဗျဉ်း နှင့် သရတွဲရာတွင် ဣ သရသည် မြန်မာ၌လုံးကြီးတင်၊
ဤ သရသည် လုံးကြီးတင်ဆံခတ်၊ ဥသရသည် တစ်ချောင်းငင်၊ ဦသရသည် နှစ်ချောင်းငင်၊
သြ သရသည် သဝေထိုး ရေးချ၊ ဧ သရသည် သဝေထိုး-ဟူ၍ အသီးသီးဖြစ်ကြ၏။
၇။ ဣ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အိတ်) ဟု အသံထွက်၏။
ကိဋ္ဌ (ကိတ်ဌ)
ကိတ္တ (ကိတ်တ)
ဣဒ္ဓိ (အိတ်ဓိ)
သိပ္ပ (သိပ်ပ)
ကိဗ္ဗိသ (ကိတ်ဗိသ)
ဒိဿတိ (ဒိတ်သတိ)
၈။ ဥ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အုတ်) ဟုအသံထွက်၏။
တုဋ္ဌိ (တုတ်ဌိ)
ဝုဍ်ဎိ (ဝုတ်ဎိ)
ပုတ္တ (ပုတ်တ)
ဗုဒ္ဓ (ဗုတ်ဓ)
ကုပ္ပ (ကုပ်ပ)
ဒုဗ္ဗလ (ဒုတ်ဗလ)
ဒုဿ (ဒုတ်သ)
၉။ ဧ သရကို နငယ်ဖြင့် သတ်လျှင် (အင်) ဟုအသံထွက်၏။
ဧန္တု (အင်တု)
မေန္တု (မင်တု)
သေန္တိ (သင်တိ)
၁ဝ။ ဧ သရကို နငယ်မှတစ်ပါး ကျန်အသတ်များသည် (အစ်) ဟု အသံထွက်၏။
ဧတ္ထ (အစ်ထ)
ခေတ္တ (ခစ်တ)
မေတ္တ (မစ်တ)
ပေစ္စ (ပစ်စ)
ဇေဋ္ဌ (ဇစ်ဌ)
ဖေဂ္ဂု (ဖစ်ဂု)
၁၁။ သြ သရပါလျှင် (က.ဂ.သ) အသတ်သည်(အောက်)ဟုအသံထွက်၏။
သြက္ကာက (အောက်ကာက)
မောက္ခ (မောက်ခ)
ယောဂ္ဂ (ယောက်ဂ)
ဝေါဿ (ဝေါက်သ)
၁၂။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များသည် (အွန်) ဟု ဝဆွဲ အသံဖြင့် အသံထွက်ရမည်။
ကောဉ္စ (ကွန်စ)
ကောဏ္ဍည (ကွန်ဍင်ည)
သောဏ္ဏ (သွန်ဏ)
ဟောန္တု (ဟွန်တု)
သောမ္မ (သွန်မ)
၁၃။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များမှတပါး ကျန်အသတ်များကို
(အွတ်) ဟု ဝဆွဲအသံဖြင့် အသံထွက်ရမည်။
ပါမောဇ္ဇ (ပါမွတ်ဇ)
ပေါတ္ထက (ပွတ်ထက)
ဖောဋ္ဌဗ္ဗ (ဖွတ်ဌပ်ဗ)
ယောဗ္ဗန (ယွတ်ဗန)
သောတ္ထိ (သွတ်ထိ)
၁၄။ ဤ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များနှင့် သေးသေးတင်သည်
(အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ (လိန်ဂ)
ကိဉ္စိ (ကိန်စိ)
ဣန္ဒက (အိန်ဒက)
ဝိန္ဒတိ (ဝိန်ဒတိ)
ကိံ (ကိန်)
၁၅။ ဥ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များသည် (အုန်) ဟု အသံထွက်၏။
ဥင်္ဂ (အုန်ဂ)
ဘုဉ္ဇ (ဘုန်ဇ)
ဥဏ္ဏာယ (အုန်ဏာယ)
ကုန္တ (ကုန်တ)
ဘုမ္မ (ဘုန်မ)
၁၆။ ဧ သရပါလျှင် (ဉ) အသတ်သည် (အင်) ဟု အသံထွက်၏။
အာနေဉ္ဇ (အာနင်ဇ)
၁၇။ ဣ သရ နှင့် ဥ သရပါလျှင် (ယ.လ) အသတ်များကို (န) အသတ် အသံဖြင့် ဖတ်ရမည်။
ဘိယျော (ဘိန်ယော)
ယေဘုယျ (ယေဘုန်ယ)
ဝေပုလ္လ (ဝေပုန်လ)
၁၈။ ''ဝ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
တ+ဝ=တွ (ကတွာ-ကတ်တဝါ)
သ+ဝ=သွ (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ (ဂဟေတွာ-ဂဟစ်တဝါ)
ကျန်သောဗျဉ်းများတွဲရာ၌ မြန်မာအသံအတိုင်းဖြစ်သည်။
၁၉။ ''ရ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
က+ရ=ကြ (စကြ-စက်ကြ)
တ+ရ=တြ (အတြ-အတ်တရ)
ဒ+ရ=ဒြ (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ (ဗြဟ္မာ-ဗြန်မာ)
၂ဝ။ ''ဟ''ဗျဉ်း နှင့် အခြားဗျဉ်းတွဲရာ၌ ထွက်ရမည့်အသံများ
ဉ+ဟ=ဥှ (ပဥှ-ပင်ညှ)
ဏ+ဟ=ဏှ (ပုဗ္ဗဏှ-ပုပ်ဗန်ဏှ)
န+ဟ=နှ (နှာန-နဟာန)
မ+ဟ=မှ (အမှ-အမ်မှ ၊ တုမှ-တုမ်မှ)
ယ+ဟ=ယှ (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှ (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ (ရုဠှီ-ရုံလှီ)
မှတ်ရန်/ ဥှ.ဏှ.နှ.မှ.ယှ.ဠှ ပါဌ်ဆင့်များ၌ ဥှ.ဏှ.နှ.မှ.ယှ.ဠှတို့သည် တစ်လုံးတည်းသာဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံ ထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။
===============
ဤတွင်ပါဠိဖတ်နည်းပြီးပြီ။ ။
ကြိုးစားကြပါကုန်
#credit...မူရင်း
Like & Share
************************
Unicode Version
👇👇👇👇👇👇👇
ပါဠိဘာသာ ရွတ်ဖတ်နည်း
______________________
ရှေးဦးစွာအက္ခရာတို့ကို သိထားရမည်။
အက္ခရာ(၄၁)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သွ
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သွ
ဗျဉ်း(၃၃)လုံး
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး နှင့် ဗျဉ်း (၃၃) လုံး ပေါင်းလျှင် အက္ခရာ(၄၁) လုံးပင်ဖြစ်၏။
၁။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (က.ဂ)အသတ်များသည်(အက်)ဟု အသံထွက်၏။
(အပေါ်စာလုံးကို အသတ်ဟုမှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
စက်က (စကျက)
ဝိတက္ကော (ဝိတက်ကော)
မဂ္ဂ (မက်ဂ)
သဂ္ဂ (သက်ဂ)
၂။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (စ.ဇ) အသတ်များသည်(အစ်) ဟု အသံထွက်၏။
ပစ္စ (ပစ်စ)
သစ္စ (သစ်စ)
အဇ္ဇ (အစ်ဇ)
၃။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (င.ဉ) အသတ်များသည် (အင်) ဟု အသံထွက်၏။
အင်္ဂ (အင်ဂ)
အလင်္ကာ (အလင်ကာ)
မင်္ဂလာ (မင်ဂလာ)
ပဉ္စ (ပင်စ)
အညမည (အင်ညမင်ည)
၄။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဏ.န.မ.လ.) အသတ် များသည် (အန်) ဟု အသံထွက်၏။
ကဏ္ဍ (ကန်ဍ)
အန္တ (အန်တ)
ဓမ်မ (ဓမျမ)
ပလ္လင်္ဂ (ပန်လင်ဂ)
၅။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ (ဝတ်ဋ)
ဒဍ္ဎော (ဒတ်ဎော)
ကတ္တု (ကတ်တု)
ဗဒ္ဓ (ဗတ်ဓ)
ပဗ္ဗတ (ပတ်ဗတ)
သပ္ပော (သပ်ပေါ)
ဒဿန (ဒတ်သန)
၆။ ဣ သရ နှင့် ဥ သရ ပါရာ၌ (က.ဂ.ဇ.စ)တို့ကို(တ)သတ်အသံဖြင့်ဖတ်ရမည်။
ဘိက္ခု (ဘိတ်ခု)
ဝိဇ္ဇာ (ဝိတ်ဇာ)
ကိစ္စ (ကိတ်စ)
သိက္ခာ (သိတ်ခါ)
ဥဂ္ဂ (အုတ်ဂ)
ဒုက္ခ (ဒုတ်ခ)
ဥစ္စာ (အုတ်စာ)
မှတ်ချက်/ပါဠိ၌ ဗျဉ်း နှင့် သရတွဲရာတွင် ဣ သရသည် မြန်မာ၌လုံးကြီးတင်၊
ဤ သရသည် လုံးကြီးတင်ဆံခတ်၊ ဥသရသည် တစ်ချောင်းငင်၊ ဦသရသည် နှစ်ချောင်းငင်၊
သြ သရသည် သဝေထိုး ရေးချ၊ ဧ သရသည် သဝေထိုး-ဟူ၍ အသီးသီးဖြစ်ကြ၏။
၇။ ဣ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အိတ်) ဟု အသံထွက်၏။
ကိဋ္ဌ (ကိတ်ဌ)
ကိတ္တ (ကိတ်တ)
ဣဒ္ဓိ (အိတ်ဓိ)
သိပ်ပ (သိပျပ)
ကိဗ္ဗိသ (ကိတ်ဗိသ)
ဒိဿတိ (ဒိတ်သတိ)
၈။ ဥ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အုတ်) ဟုအသံထွက်၏။
တုဋ္ဌိ (တုတ်ဌိ)
ဝုဍ္ဎိ (ဝုတ်ဎိ)
ပုတ္တ (ပုတ်တ)
ဗုဒ္ဓ (ဗုတ်ဓ)
ကုပ်ပ (ကုပျပ)
ဒုဗ္ဗလ (ဒုတ်ဗလ)
ဒုဿ (ဒုတ်သ)
၉။ ဧ သရကို နငယ်ဖြင့် သတ်လျှင် (အင်) ဟုအသံထွက်၏။
ဧန္တု (အင်တု)
မေန္တု (မင်တု)
သေန္တိ (သင်တိ)
၁ဝ။ ဧ သရကို နငယ်မှတစ်ပါး ကျန်အသတ်များသည် (အစ်) ဟု အသံထွက်၏။
ဧတ်ထ (အစျထ)
ခေတ္တ (ခစ်တ)
မေတ္တ (မစ်တ)
ပေစ္စ (ပစ်စ)
ဇေဋ္ဌ (ဇစ်ဌ)
ဖေဂ္ဂု (ဖစ်ဂု)
၁၁။ သြ သရပါလျှင် (က.ဂ.သ) အသတ်သည်(အောက်)ဟုအသံထွက်၏။
သွက်ကာက (အောကျကာက)
မောက္ခ (မောက်ခ)
ယောဂ္ဂ (ယောက်ဂ)
ဝေါဿ (ဝေါက်သ)
၁၂။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များသည် (အွန်) ဟု ဝဆွဲ အသံဖြင့် အသံထွက်ရမည်။
ကောဉ္စ (ကွန်စ)
ကောဏ္ဍည (ကွန်ဍင်ည)
သောဏ္ဏ (သွန်ဏ)
ဟောန္တု (ဟွန်တု)
သောမ္မ (သွန်မ)
၁၃။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များမှတပါး ကျန်အသတ်များကို
(အွတ်) ဟု ဝဆွဲအသံဖြင့် အသံထွက်ရမည်။
ပါမောဇ္ဇ (ပါမွတ်ဇ)
ပေါတ္ထက (ပွတ်ထက)
ဖောဋ္ဌဗ္ဗ (ဖွတ်ဌပ်ဗ)
ယောဗ္ဗန (ယွတ်ဗန)
သောတ္ထိ (သွတ်ထိ)
၁၄။ ဤ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များနှင့် သေးသေးတင်သည်
(အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ (လိန်ဂ)
ကိဉ္စိ (ကိန်စိ)
ဣန္ဒက (အိန်ဒက)
ဝိန္ဒတိ (ဝိန်ဒတိ)
ကိံ (ကိန်)
၁၅။ ဥ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များသည် (အုန်) ဟု အသံထွက်၏။
ဥင်္ဂ (အုန်ဂ)
ဘုဉ္ဇ (ဘုန်ဇ)
ဥဏ္ဏာယ (အုန်ဏာယ)
ကုန္တ (ကုန်တ)
ဘုမ္မ (ဘုန်မ)
၁၆။ ဧ သရပါလျှင် (ဉ) အသတ်သည် (အင်) ဟု အသံထွက်၏။
အာနေဉ္ဇ (အာနင်ဇ)
၁၇။ ဣ သရ နှင့် ဥ သရပါလျှင် (ယ.လ) အသတ်များကို (န) အသတ် အသံဖြင့် ဖတ်ရမည်။
ဘိယျော (ဘိန်ယော)
ယေဘုယျ (ယေဘုန်ယ)
ဝေပုလ္လ (ဝေပုန်လ)
၁၈။ ''ဝ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
တ+ဝ=တွ (ကတွာ-ကတ်တဝါ)
သ+ဝ=သွ (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ (ဂဟေတွာ-ဂဟစ်တဝါ)
ကျန်သောဗျဉ်းများတွဲရာ၌ မြန်မာအသံအတိုင်းဖြစ်သည်။
၁၉။ ''ရ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
က+ရ=ကွ (စကွ-စကျကွ)
တ+ရ=တြ (အတြ-အတ်တရ)
ဒ+ရ=ဒြ (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ (ဗြဟ္မာ-ဗြန်မာ)
၂ဝ။ ''ဟ''ဗျဉ်း နှင့် အခြားဗျဉ်းတွဲရာ၌ ထွက်ရမည့်အသံများ
ဉ+ဟ=ဥှ (ပဥှ-ပင်ညှ)
ဏ+ဟ=ဏှ (ပုဗ္ဗဏှ-ပုပ်ဗန်ဏှ)
န+ဟ=နှ (နှာန-နဟာန)
မ+ဟ=မှ (အမှ-အမ်မှ ၊ တုမှ-တုမ်မှ)
ယ+ဟ=ယှ (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှ (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ (ရုဠှီ-ရုံလှီ)
မှတ်ရန်/ ဥှ.ဏှ.နှ.မှ.ယှ.ဠှ ပါဌ်ဆင့်များ၌ ဥှ.ဏှ.နှ.မှ.ယှ.ဠှတို့သည် တစ်လုံးတည်းသာဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံ ထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။
===============
ဤတွင်ပါဠိဖတ်နည်းပြီးပြီ။ ။
ကြိုးစားကြပါကုန်
#credit...မူရင်း

(FB တွင် မူရင်းရေးသားသူတို့အား ခရက်တစ်ပေးပါသည်၊ ဤ၌ မှတ်တမ်းထားခြင်းမျှ ဖြစ်ပါသည်။